# How to select IT field (Credit to Sayar Ko Ei Maung - [Link to Original Facebook Post](https://www.facebook.com/sayar.ei.maung/posts/10160637689757328)) PHP လုပ်ရင်ကောင်းမလား၊ JavaScript လုပ်ရင်ကောင်းမလား၊ Python လုပ်ရင်ကောင်းမလား၊ Java လုပ်ရင်ကောင်းမလား၊ Laravel လုပ်ရင်ကောင်းမလား၊ Android လုပ်ရင်ကောင်းမလား၊ React လုပ်ရင်ကောင်းမလား၊ Vue လုပ်ရင်ကောင်းမလား.. စသည်ဖြင့်.. စသည်ဖြင့်... လားပေါင်းများစွာတို့အတွက် - ၁။ Language ကို မရွေးပါနဲ့၊ Framework ကို မရွေးပါနဲ့၊ ဘာသာရပ်ကိုရွေးပါ။ ဘာသာရပ်ဆိုတာ Web Development, Mobile App Development, Front-end, Back-end, Machine Learning စသည်ဖြင့်။ ရွေးချယ်လိုက်တဲ့ ဘာသာရပ်တစ်ခုမှာ ပါဝင်တဲ့ အကြောင်းအရာတွေကို အထူးပြုလေ့လာပါ။ အစပိုင်းမှာ ကျန်တာတွေ ခဏခေါက်ထားလိုက်ပါ။ ၂။ ဘာရွေးရမှန်းမသိသေးရင် နည်းနည်းနည်းနည်း အရင် လုပ်ကြည့်ပါ။ ကိုယ့်အကြိုက်၊ ကိုယ့်အားသာချက်နဲ့ အကိုက်ဆုံးကို ရွေးပါ။ တစ်ချို့က Creation ပိုင်း ပိုကောင်းတယ်။ တစ်ချို့က Product ပိုင်း ပိုအားသန်တယ်။ တစ်ချို့က Analytic ပိုင်းပိုအားသန်တယ်။ တစ်ချို့က သေးသေး သေးသေးလေးတွေ ကြိုက်တယ်။ တစ်ချို့က All-in-one ပိုကြိုက်တယ်။ တစ်ချို့က မြန်မြန်သွား၊ မြန်မြန်လုပ်၊ မြန်မြန်ပျက်၊ မြန်မြန်ပြင် ဆိုတာမျိုး ကြိုက်ကြတယ်။ တစ်ချို့က စနစ်တစ်ကျ ပလန်ချပြီး ခပ်ဖြေးဖြေး သွားရတာ ကြိုက်တယ်။ တစ်ယောက်နဲ့တစ်ယောက် အကြိုက်တွေ အားသာချက်တွေ မတူကြပါ။ လိုက်လုပ်ကြည့်စရာမလိုဘဲ ကိုယ်ဘာကြိုက်လည်း ကိုယ်ဘာလုပ်ချင်လဲ စကတည်းက သိရင်တော့ အကောင်းဆုံးပေါ့။ မသိသေးရင်တော့ လိုက်လုပ်ကြည့်မှပဲ ရမှာပါ။ ၃။ တစ်ကယ်တော့ "ဘာရွေးရွေးမမှားပါဘူး။ ဟိုလိုလို ဒီလိုလို ဖြစ်နေရင်သာ မှားတာပါ။" ကိုယ်ရွေးလိုက်တာက သူများတွေ ရွေးလိုက်တာလောက် ကောင်းမှကောင်းပါ့မလား။ အရွေးများမှားသွားမလား။ ဒါမျိုးတွေ မရှိပါဘူး။ သူများတွေ ဘာရွေးနေလည်း ဘာလုပ်နေလည်းဆိုတာ အခြေအနေကို မျက်ခြေမပြတ်အောင် ကြည့်ရတာပါ။ တစ်ကယ်တော့ ကိုယ့်အားသာချက်၊ ကိုယ့်အကြိုက်နဲ့ အကိုက်ဆုံးကို ရွေးရမှာပါ။ Active ဖြစ်နေတဲ့ ဘာသာရပ်တွေထဲက ဘာရွေးရွေး မမှားပါဘူး။ Active မဖြစ်တော့တဲ့ အန်းတိတ် ဘာသာရပ်တွေ၊ ပေါ်ခါစ ဘယ်လိုဖြစ်လာမယ်မှန်း သိပ်မသေချာသေးတဲ့ ဘာသာရပ်တွေကိုမှ ရွေးချင်းရင်တော့ နည်းနည်းပိုသတိထားရမှာပေါ့။ ၄။ စိတ်တွေသိပ်မပူပါနဲ့။ သူများတွေက လေးငါးခု အကုန်ရကြတယ်၊ ငါက တစ်ခုထဲပဲ ရတယ်ဆိုတာ အာပလာပါ။ လေ့လာစပဲ ရှိသေးတယ်၊ လေးငါးခု ရပါတယ်ဆိုတဲ့သူကို တစ်ကယ်ရတာ ဟုတ်လို့လားလို့ ပြန်မေးရမှာပါ။ Teach yourself programming in ten years ဆိုသလို တစ်ခုခုမှာ အမှန်တစ်ကယ် ကျွမ်းကျင်ဖို့တောင် (၁၀) နှစ်လောက် ကြာနိုင်တာပါ။ အထွေထွေ ဟိုစပ်စပ် ဒီစပ်စပ် အကုန်ရသူ Generalist တွေအတွက် နေရာရှိသလို၊ တစ်ခုခုထဲမှာပဲ အထူးပြု ဇောက်ချကျွမ်းကျင်တဲ့ Specialist တွေ အတွက်လည်း နေရာတွေ ရှိပါတယ်။ ကိုယ်က Generalist ဖြစ်ချင်တာလား၊ Specialist ဖြစ်ချင်တာလား သုံးသပ်ပါ။ Specialist လမ်းကိုလျှောက်ပြီး Generalist တွေထဲ ဝင်တိုးနေတာမျိုး၊ Generalist လမ်းကိုလျှောက်ပြီး Specialist တွေရဲ့ နေရာမျိုးကို လိုချင်တာမျိုးတော့ မဖြစ်သင့်ဘူးပေါ့။ ၅။ ဟာ ရှုပ်နေတာပဲ... ဘာတွေမှန်းမသိတော့ဘူးဆိုရင် လိုတိုရှင်းမှတ်ထားပါ။ "တစ်ခုခုကို အမြဲမပြတ်လေ့လာနေသ၍ လမ်းကြောင်းတည့်နေပါပြီ။" အဝေးကြီးတွေ လှမ်းကြည့်ပြီး ပူပင်တာတွေ လျှော့လိုက်ပါ။ နည်းနည်း နည်းနည်း အမြဲပုံမှန် လေ့လာနေတယ်ဆိုရင် ဘယ်လိုပဲလေ့လာလေ့လာ၊ ဘာကိုပဲလေ့လာလေ့လာ၊ အချိန်တန်တဲ့အခါ သူ့ဘာသာ ဖြစ်လာပါလိမ့်မယ်။ အသုံးမဝင်တဲ့ပညာဆိုတာ မရှိပါဘူး။ နည်းနည်းအသုံးဝင်တာနဲ့ များများအသုံးဝင်တာသာ ကွာပါတယ်။ နည်းနည်းပဲ အသုံးဝင်တာကို လေ့လာမိသွားတယ် ဆိုရင်တောင် တစ်ချိန်မှာ အဲ့ဒါက သူများတွေမှာမရှိဘဲ ကိုယ့်မှာပဲ ရှိနေတဲ့ Edge တစ်ခု ဖြစ်လာနိုင်ပါသေးတယ်။ တစ်ကယ်တော့ မပြတ်လေ့လာနေဖို့သာ အဓိကပါ။ အားလုံးပဲ အဆင်ပြေကြပါစေ။
×
Sign in
Email
Password
Forgot password
or
By clicking below, you agree to our
terms of service
.
Sign in via Facebook
Sign in via Twitter
Sign in via GitHub
Sign in via Dropbox
Sign in with Wallet
Wallet (
)
Connect another wallet
New to HackMD?
Sign up